09
May

မီးစက်အကြောင်း ထွေလီကာလီ

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ သုံးစွဲသူမိဘပြည်သူတွေ ကို မီးစက်အကြောင်း ထွေလီကာလီ အချက်လေးတွေကို ပြောပြပေးပါ့မယ်။

၁။ မီးစက်မှာ အလုပ်လုပ်နေတဲ့အခြေခံအစိတ်အပိုင်း စနစ်တွေ ဘယ်လောက်ရှိလဲ။
၆ ပိုင်းရှိပါတယ်။ Oil Lubrication System စက်ဆီပါတဲ့စနစ်ရယ်၊ Fuel System လောင်စာဆီ စနစ်ရယ်၊ Control and Protection System ထိန်းချုပ် ကာကွယ်တဲ့စနစ်၊ Cooling System လေအအေးခံစနစ်၊ Exhaust System ရယ် နဲ့ Starting System တွေပဲဖြစ်ပါတယ်။ မီးစက်တစ်လုံးမှာ ဒီလိုစနစ်တွေ အခြေခံပုံစံအနေနဲ့ပါဝင်ပါတယ်။

၂။မီးစက်ဆင်ရင်၊ မီးစက်ကိုနေရာချတဲ့အချိန်မှာ အိတ်ဇောပိတ်ကို အောက်ဖက် ၂၀ ဒီဂရီ လောက် အောက်စိုက်ထားရတာ ဘာကြောင့်လဲ။
အိတ်ဇောပိုက်ထဲကို မိုးရေဝင်မှာစိုးလို့ပါ။ မီးစက်ရဲ့ အိတ်ဇောပိုက်ထဲကိုရေဝင်လို့မဖြစ်ပါ၊ မီးစက်ကြီးတစ်ခုလုံး ပြန်ပြင်မရတဲ့အထိ ပျက်စီးတတ်ပါတယ်။

၃။ မီးစက်မဝယ်ခင် ဘယ်အချက်ကို အဓိကထား စဥ်းစားရမလဲ။
တခြားထည့်စဥ်းစားရအုံးမယ့် အချက်တွေလည်း ရှိတဲ့အထဲကမှ ရိုးရိုးလေးအနေနဲ့ Standby အရံလောက်အဖြစ်ပဲလိုချင်တာလား၊ Prime အဓိက အနေနဲ့ သုံးချင်တာလား ဆိုတဲ့အချက်ကို အရင်စဥ်းစားရမှာပါ။ ကိုယ့်မှာ အချိန်ကြာကြာ ဝန်အားများများသုံးမှရမယ့် စက်ရုံ၊ အလုပ်ရုံ၊ အိမ်ယာ၊ စတိတ်ရှိူး၊ ပွဲလမ်းသဘင်၊ တရားပွဲ ဓမ္မပူဇာသဘင် စသည့်ဖြင့်နေရာတွေမှာ EPC ကမီးသွယ်လို့မရဘူးဆိုရင် Prime Generator တွေကိုဝယ်ယူသုံးစွဲပါ။ ကျေးရွာမီးလင်းရေး ဆောက်ရွက်နေသူတွေလည်း Prime Generator ကိုပဲရွေးချယ်သင့်ပါတယ်။ သာမန်ပုံမှန်ရနေတဲ့ လျှပ်စစ်မီးက အားကိုးမရတဲ့အခါဆိုရင်တော့ Standby Generator ဆောင်ထားပါ။

၄။ Single Phase ရော Three Phase ရောရလား။
ရပါတယ်။ နှစ်မျိုးစလုံးရပါတယ်။ နေအိမ်တွေ၊ ဘာတွေဆိုရင် Single Phase နဲ့ရပါတယ်၊ စီးပွါးရေးလုပ်ငန်းတွေအတွက်ဆိုရင်တော့ Three Phase သုံးကြပါတယ်။

၅။ ဒီဇယ် နဲ့ဟာကကောင်းလား၊ ဓာတ်ဆီနဲ့ဟာက ကောင်းလား။
နိုင်ငံခြားကကျွမ်းကျင်တဲ့သူတွေကတော့ ဒီဇယ်သုံးမီးစက်ကိုသုံးစွဲကြဖို့တိုက်တွန်းကြပါတယ်။ ဒီဇယ်က နာရီကြာကြာမောင်းလို့ရကော ဆီဖိုးကုန်ကျစရိတ်သက်သာလို့ပါ။ ပြီးတော့လည်း ရေရှည်အချိန်ကြာကြာသုံးလို့ရတော့ ပြုပြင်ထိန်းသိမ်းဖို့လည်း သိပ်မလို၊ စရိတ်လည်း သိပ်မကုန်လို့ပါ။

၆။ အင်ဂျင်ကရောအရေးပါလား။
အရမ်းအရေးပါပါတယ်။ တရပ်စက်သုံးလို့ရတဲ့ Prime Generator တွေမှာဆိုရင် အင်ဂျင်ကအရည်အသွေးညံ့တဲ့တံဆိပ်တွေ၊ အာမခံချက်မရှိတဲ့အင်ဂျင်တွေတပ်ဆင်လိုက်လို့မဖြစ်ပါဘူး၊ အရည်အသွေးကောင်းတဲ့ ခိုင်မာစိတ်ချရတဲ့ အင်ဂျင်ကို ရွေးချယ်ဝယ်ယူပါ။

ဒါတွေကတော့ မီးစက်နဲ့ပတ်သက်လို့ လက်လှမ်းမှီရာ ရှာတွေ့တဲ့ ထွေလီကာလီအချက်တွေပဲဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းရှင်များနဲ့ မိဘပြည်သူများအနေနဲ့ Standby အနေနဲ့ပဲဆောင်ထားဆောင်ထား၊ Prime use အဖြစ်နဲ့ပဲဝယ်ဝယ် အရည်အသွေးကောင်းပြီးခိုင်မာစိတ်ချရတဲ့ မီးစက်တွေကို တင်သွင်းဖြန့်ချီနေတဲ့ PT International Co.,Ltd Power Generator Distributors မှာဝယ်မှစိတ်ချရတာနော်။

————————————————————————-

🏠 No.128, Kanaung Minthar Gyi Road, East Dagon Industry Zone, Yangon 11451, Myanmar
☎️ CALL NOW: 09 4411 00200
🌐 Visit our Website: www.ptimyanmar.com

#PTInternationalCompanyLimited
#PowerGenerators
#GeneratorsForSaleYangon
#PowerGeneratorDistributorMyanmar
#PowerGeneratorMaintenanceServices
#PowerGeneratorsForSaleYangon
#PowerGeneratorsMyanmar