09
May

မီးစက် ဟိ(Heat)တက်တာကို ဘယ်လိုကာကွယ်မလဲ ?

မီးစက်တွေ ဟိ(Heat)တက်တာ အပူချိန်တက်တာဟာ မီးစက်အတော်များများမှာ တွေ့ရတတ်တဲ့ပြသနာဖြစ်ပါတယ်။

မီးစက်တစ်လုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ဆိုရင် မီးစက်ရဲ့ သတ်မှတ်အပူချိန်ထက် ‌ကျော်တဲ့အထိ မသုံးဖို့လိုပါတယ်။ ဒါကြောင့် မီးစက်တစ်လုံး ဟိမတက်အောင် မီးစက်အသုံးပြုသူတွေ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဖော်ပြပေးပါရစေ။

* မီးစက်ရဲ့ သတ်မှတ်အပူချိန်ထက် ကျော်သွားတာရှိမရှိ ပုံမှန်စစ်ဆေးပါ။

* မီးစက်ရဲ့ ရေတိုင်ကီထဲမှာ ရေရှိမရှိပုံမှန်စစ်ဆေးပါ။

* မီးစက်ရေတိုင်ကီထဲကို ရေဖြည့်တဲ့အခါ သာမန်အလွယ်ရတဲ့ ပေါက်ပန်းဈေး ရေကို မထည့်မိဖို့လိုပါတယ်။ မီးစက်ရေတိုင်ကီအတွက် သီးသန့်ထုတ်ထားတဲ့ coolant အရည်တွေရှိပါတယ်။ သတ်မှတ်ထားတဲ့ coolant ကိုသာ အသုံးပြုဖို့ အကြံပြုပါတယ်။ Coolant ဟာ မီးစက်ရေတိုင်ကီကို သံချေးမတက်စေပါဘူး။ ရေလိုင်းပိတ်ဆို့မှု မရှိအောင်လည်း ကာကွယ်ပေးတဲ့အတွက် မီးစက်အင်ဂျင်သက်တမ်းကို ကြာရှည်ခံစေပြီး ဟိတက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒီအချက်လေးတွေကို လိုက်နာပြီး ပုံမှန်စစ်ဆေးပေးမယ်ဆိုရင် မီးစက်ဟိတက်တာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်ခင်ဗျာ။