E-Cosmic

  • PTI Company Limited ၏ ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် E-cosmic တံဆိပ် Institutional Chemicals (The Leading Cleaning Chemicals Supplier in Myanmar) လုပ်ငန်းသုံးဆပ်ပြာ များကို လူခန္ဓာကိုယ်နှင့် ကျန်းမာရေးကို မထိခိုက်စေရန် သဘာဝဓါတ်ပစ္စည်းများဖြင့် Biodegradable ကုန်ပစ္စည်းများဖြစ်အောင် ဖန်တီးဖော်ထုတ်ထားပါသည်။
  • Biodegradable ဆိုသည်မှာ Capable of being broken down (decomposed) rapidly by the action of microorganisms. သေးငယ်သော ဇီဝရုပ်ဖြစ်စဉ်အရ ရုတ်တရက် ပြိုကွဲပျက်စီးနိုင်သော ဟူ၍ အဓိပ္ပါယ်ရပါသည်။
  • ကျမ်းမာရေးအလေးထားသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း Organic အစားအစာများကို စားသုံးခြင်းကို ဂရုတစိုက်စားသုံးလာပြီး မည်သည့်အိုးခွက်ပန်းကန်များထဲတွင် အစားအသောက်ထဲ့၍ စားသောက်သင့်သည်မသင့်သည်ကိုလည်း ရွေးချယ်ဖို့လိုကြောင်း လေ့လာသိရှိကြပါပြီ။ သို့သော်လည်း အစားအစာများထဲ့သည့် အိုးခွက်ပန်းကန်များကို ဆေးကြောသည့် ဆပ်ပြာများကိုလည်း ရွေးချယ်သင့်ကြောင်းကို သတိမပြုမိသေးပါ။
  • သာမာန်ဆပ်ပြာများအနေဖြင့် Inorganic ဓာတုပစ္စည်းများဖြစ်သည့် Caustic Soda ဖြင့် ထုတ်လုပ်ထားသောကြောင့် လူခန္ဓာကိုယ်အတွင်းရောက်ရှိခဲ့ပါက ဇီဝရုပ်ဖြစ်စဉ်အရ ပြိုကွဲပျက်စီးမှုမဖြစ်ခြင်းကြောင့် လူ့ခန္ဓာကိုယ်အတွက် အန္တရယ်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် စားသောက်ဆိုင်များအတွက် သန့်ရှင်းရေးသုံးပစ္စည်းများကို Biodegradable ပစ္စည်းများကိုသာ သုံးစွဲခွင့်ပြုသည်။
  • အဓိကအားဖြင့် အဝတ်လျှော်သည့်ဆပ်ပြာများဖြင့် လုံးဝ(လုံးဝ) အိုးခွက်ပန်းကန်များ မဆေးကြောသင့်ပါ။ အဝတ်အစားများ၏ အညစ်အကြေးများကို ဆေးကြောရန်ထုတ်လုပ်ထားသည့်အတွက် အလွန်ပြင်းထန်သော Alkaline ဓါတုပစ္စည်းများ ဖြစ်ပါသည်။ ထို့အတွက် အိုးခွက်ပန်းကန်များကို Biodegradable ပစ္စည်းများဖြင့်သာ ဆေးကြောသင့်သည်။
  • ECosmic မှ အောက်ပါကုန်ပစ္စည်းများကို ရရှိနိုင်ပါသည်။

CLEAN YOUR RESTAURANT

Personal Hygiene

  • Hand Washing

Hall and Lobby

  • Dinning Hall and Lobby Floor
  • Table & Chair
  • Glasses
  • Table ware

Kitchen

  • Floor and Wall
  • Equipment
  • Stove, Ovens, Exhaust and Duct Line
  • Working Table and Chair
  • Pots and Pan
  • Basins
  • Meat & Fish washing

Storage

  • Cold Storage, Chiller, Refrigerator,
  • Containers

Garbage Area

Toilet

HANDKLEEN

Handkleen သည် အသင့်သုံးနိုင်သော လက်ဆေးဆပ်ပြာရည်ဖြစ်ပါသည်။
(၁) ဘက်တီးရီးယား ပိုးမွှားများ ကင်းစင်ခြင်း
(၂) လက်ခြောက်သွေ့မှုမရှိခြင်း
(၃) ရေဓါတ်ပြန်လည်ဖြည့်ဆည်းပေးနိုင်ခြင်းကို အထူးလုပ်ဆောင်ပေးပါသည်။

E-PINE

Alkaline အမျိုးအစား သန့်ရှင်းရေးပစ္စည်းဖြစ်ပြီး စူးရှသောအန့ံရှိသည့် ပိုးသတ်ဆေးပါဝင်သောဆေးရည်တစ်မျိုးဖြစ်ပြီး ရေချိုးခန်း၊ အိမ်သာ၊ အမှိုက်ပုံးနှင့် အနံ့ဆိုးထွက်သည့်နေရာများတွင် အသုံးပြုနိုင်ပါသည်။
(၁) သန့်ရှင်းစေခြင်း
(၂) အနံ့အသက်ပျောက်စေခြင်း
(၃) ပိုးမွှားကင်းစင်စေခြင်း စသည့် အချက် ၃ ချက်ကို တပြိုင်တည်းပြုလုပ်ပေးသော 3 in 1 ဆေးရည်ဖြစ်ပါသည်။

KLEEN UP

Manual Dishwashing Detergent နှင့် ပန်းကန်ဆေးဆပ်ပြာတစ်မျိုးဖြစ်ပါသည်။ အစားအသောက်လုပ်ငန်းများအတွက် အထူးအသုံးဝင်သော အထွေထွေသုံးဆပ်ပြာတစ်မျိုးဖြစ်ပါသည်။
(၁) ရေတွင် အလွယ်တကူပျော်ဝင်နိုင်ခြင်း
(၂) ကျန်းမာရေးမထိခိုက်အောင် သဘာဝနှင့်အညီ စီမံပြုလုပ်ထားခြင်း
(၃) အရောင်၊ အနံ့ စွဲကျန်မှုမရှိခြင်း စသည်ဖြင့် အထူးဖော်စပ်ထားသော ဆပ်ပြာဆီဖြစ်ပါသည်။

JEL-PINE

ပါကေးကြမ်းခင်းများ၊ ကြွေပြားများ၊ တာရာဇို ကြမ်းခင်းများ၊ Vinyl ကြမ်းခင်းများတွင် သန့်ရှင်းစေခြင်းနှင့် ပိုးမွှားများကင်းစင်ရေးအတွက် သဘာဝထင်းရှူးဆီကို အသုံးပြုပြီး ဖော်စပ်ထားခြင်းဖြစ်ပါသည်။
ရေနွေးတစ်ဂါလံနှင့် JEL-PINE ထမင်းစားဇွန်း ၄ ဇွန်း ရောစပ်ပြီး ပက်ဖျန်းပါက
(၁) မှိုမတက်ခြင်းနှင့် ခြင်၊ ယင်၊ ပိုးမွှားများသေစေနိုင်ခြင်း
(၂) သန့်ရှင်း စင်ကြယ်စေခြင်း
(၃) အန့ံဆိုးများပျောက်ကင်းစေခြင်း စသည်တို့ကြောင့် စားသောက်ကုန်လုပ်ငန်းများအတွက် အလွန်အသုံးဝင်ပါသည်။

COS -THRU

Hydroxyethers ဖြင့် ပြုလုပ်ထားသော အဆီဓါတ်မပါသည့် မှန်ကြည်ဆေးရည် တစ်မျိုးဖြစ်ပါသည်။ Biodegradable Institutional Chemical ဖြစ်ပြီး phosphate မပါဝင်ခြင်းကြောင့် လူတို့အတွက် ဘေးကင်းစေသည်။
(၁) ဖုန်မှုန့်များ အလွယ်တကူ မကပ်ငြိနိုင်ခြင်း
(၂) ဘက်တီးရီးယားပိုးမွှားများ ကင်းစင်ခြင်း
(၃) ဆီမပါသောကြောင့် လက်ရာပြန်မထင်ခြင်းနှင့် မှန်သားမျက်နှာပြင် အမျိုးမျိုးတို့ကို အထူးတောက်ပြောင်စေသော မှန်ကြည်ဆေးရည်တစ်မျိုး ဖြစ်ပါသည်။

OCLEAN

Stainless steel kitchen များရှိ Oven (အကြော်ဖို၊ အကြော်အိုး)များ၊ hot-plate များ၊ ကာဗွန်ချိုး၊ အဆီချိုးများနှင့် မီးမြိုက်ခံထားရပြီး ချွတ်ရန်ခက်ခဲသော ချိုးများကို အလွယ်တကူ ထိရောက်စွာ ဆေးကြောနိုင်ပါသည်။
(၁) အကြော်ဖို၊ အကြော်အိုးများရှိ ချိုးများကို လွယ်ကူစွာ ခွာထုတ်နိုင်ခြင်း
(၂) Stainless steel အပြင် iron, porcelain and glass တွင်လည်း အသုံးပြုနိုင်ခြင်းနှင့်
(၃) Phosphate မပါဝင်ခြင်းကြောင့် လူတို့အတွက် ဘေးကင်းစိတ်ချစွာ သုံးစွဲနိုင်ပါသည်။

COS – HDFC

Kitchen floor များတွင် ဖြစ်ပေါ်နေသော ဆီချိုးနှင့် အညစ်အကြေးများ၊ ဖယောင်းကဲ့သို့ ဖြစ်ပေါ်နေသော ဆီချိုးများအား အလွယ်တကူသန့်ရှင်းစေသော အစွမ်းထက်သည့် ဒြပ်ပေါင်းတစ်ခုဖြစ်ပါသည်။
(၁) COS – HDFC နှင့် ချေးချွတ်ရာတွင် အလွှာတစ်ခုမှ မကျန်အောင် သန့်ရှင်းစေခြင်း
(၂) နောက်တစ်ကြိမ်ချိုးမတက်အောင် ကာကွယ်နိုင်ခြင်း စသည်တို့ကို စွမ်းဆောင်ပေးပါသည်။

COS – CARE

ကြမ်းပြင်များ အရောင်ပြောင်လက်တောက်ပလာအောင် ဆေးကြောသန့်စင်ရာတွင် အသုံးပြုနိုင်ပါသည်။
(၁) သန့်ရှင်းစွာ စင်ကြယ်စေခြင်း
(၂) ပေါလစ်ပါဝင်ခြင်းကြောင်း ကြမ်းပြင်များ အရောင်ပြောင်လက်တောက်ပမှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ခြင်း
(၃) အသုံးပြုနေစဉ် သံပုရာရနံ့ကို ရရှိစေခြင်းဖြင့် လူကို စိတ်ကြည်နူးမှု ပေးစွမ်းနိုင်ပါသည်။

COS – GL

Melamine & Plastic wares၊ ကြွေထည်များရှိ အစွန်းများ၊ ကြာကြာသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ချိုးတက်ခြင်း၊ အရောင်ဝါလာခြင်းများကို အစွန်းချွတ်ရာတွင် အထူးသင့်လျော်သော ကုန်ပစ္စည်းဖြစ်ပါသည်။
(၁) အသုံးပြုပြီးပါက ကြွေသားများ ထူးခြားစွာ အရောင်ပြောင်လက်တောက်ပလာစေပါသည်။

DIFFLEX

ဖန်နှင့်ပြုလုပ်ထားသော ဘီယာဖန်ခွက်များ၊ ဝိုင်ဖန်ခွက်များ၊ အချိုရည်ခွက်များ ဆေးကြောရာတွင် အထူးကောင်းမွန်ပါသည်။
(၁) ရေဖျော်ထားသော Difflex ထဲတွင်စိမ်ထားခြင်းဖြင့် ဖန်သားပေါ်တွင် ဖြစ်ပေါ်နေသော အကွက်ထခြင်း၊ အရောင်မှေးမှိန်ခြင်းနှင့် အစက်အပျောက်များကို အထူးသန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။

PERFORM

Stainless steel နှင့် ပြုလုပ်ထားသော ဘေစင်များ၊ စတီးနှင့် ပတ်သတ်သော အိုးခွက်၊ ပန်းကန်များ ဆေးကြောရာတွင် အသုံးပြုနိုင်ပါသည်။
(၁) အသုံးပြုခြင်းကြောင့် လက်များကို ထိခိုက်မှုမရှိခြင်း
(၂) စတီးပစ္စည်းများ တောက်ပြောင်လာခြင်း
မှတ်ချက် ။ ။ အချိန်ကြာမြင့်စွာ အသုံးပြုမည်ဆိုပါက လက်အိတ်ကိုစွပ်ပြီး အသုံးပြုရပါမည်။

COS – CL

အစားအသောက်များသိုလှောင်သော အအေးခန်း၊ ရေခဲသေတ္တာနှင့် Storage area များတွင်ဖြစ်ပေါ်တတ်သော အနံ့ဆိုးများ၊ မှိုများ၊ ညစ်ပေခြင်းများအတွက် အထူးအရေးပါသော ကုန်ပစ္စည်းဖြစ်သည်။
(၁) အစားအသောက်များနှင့် ထိတွေ့နိုင်မှု ရှိလောက်အောင် သန့်ရှင်းမှုရှိခြင်း
(၂) အကဲဖြတ်ဌာနများမှ ခွင့်ပြုချက်ပေးထားခြင်း
(၃) ဓါတုဗေဒဆိုင်ရာပါဝင်မှု တည်ငြိမ်မှုရှိခြင်း၊ အလွယ်တကူသန့်ရှင်းစင်ကြယ်စေခြင်းနှင့် အနံ့အသက်ဆိုးများကို သိသိသာသာ ပျောက်ကင်းစေနိုင်သော ကုန်ပစ္စည်းဖြစ်ပါသည်။