20
Feb

Generator တွေက ဘာလို့လုပ်ငန်းတိုင်းမှာရှိသင့်တာလဲ?

Generator ‌‌ေတွကိုယခုအချိန်အထိ နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတုန်းပါ။ ဆင်းရဲတဲ့နိုင်ငံမှမဟုတ်ဘဲ ချမ်းသာပြီးဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံတွေမှာပါ သူတို့ရဲ့လုပ်ငန်းတွေအတွက် Generator တွေကအသုံးပြုလျှက်ရှိနေတုန်းပါပဲ။၂၄ နာရီ မီးမှန်တဲ့နိုင်ငံတွေမှာပါ ဘာကြောင့်မီးစက်တွေကို သုံးတာလဲလို့ သင့်အနေနဲ့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ တကယ်တော့သူတို့နိုင်ငံမှာလဲ Backup plan ဆိုတာရှိကြပါတယ်။အခန့်မသင့်ဘဲ မီးပျက်တောက်တဲ့အခြေအနေတွေက အများကြီးပါ။ ဝါယာကြိုးကြောင့်ရှော့ဖြစ်တာတွေ၊ သဘာဝဘေးကြောင့်ပျက်တောက်တာတွေ၊ မီးဆွဲအားမနိုင်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေတွေမှာ ဖြေရှင်းဖို့အတွက် Generator တွေကိုအမြဲဆောင်ထားကြပါတယ်။ အပျက်တောက်မှုကဘယ်လောက်ကြာမယ် ဘယ်အခြေအနေရှိတယ်ဆိုတာမသိတဲ့အချိန်မှာ လုပ်ငန်းမဆုံးရှုံးဖို့ မပျက်စီး၊ မီးစက်တွေက ကယ်တင်ရှင်ကြီးပါပဲ။ လုပ်ငန်းတွေမှမဟုတ်ပါဘူး ဘယ်သူမဆိုကိုယ်တိုင်လဲ မှောင်မဲမဲဘဝကြီးထဲမှာ ဘယ်နေချင်ပါမလဲ။ သင့်မိတ်ဆွေ သင့်မိသားစုလဲတွေအမှောင်ကိုမကြိုက်ကြပါဘူး နောက်ဆုံး မီးမရှိတဲ့ဘဝမှာ သင့်ရဲ့ချစ်သူကိုယ်တိုင်ကပါ ငြီးငွေ့လာနိုင်ပါတယ် “မင်းမရှိရင်ဖြစ်တယ် မီးမရှိလို့မဖြစ်ဘူး” ဆိုတဲ့စာတွေချိုးတွေပါ ပြောင်းလဲလာနိုင်ပါတယ်ဗျာ..။ ဆိုတော့ Generator တွေရဲ့ အခန်းကဏ္ဍက နေရာပေါင်းစုံမှာရှိနေတဲ့အခါ သင့်ကော ဘာကိုရွှေးချယ်မလဲ…?